TeklaStructures2021_SP2

1.0210 Create Point by Direction and Alignment Intersection

အခု ကျွန်တော်တို့ Alignment နှင့် Direction တခုဆုံရာမှာ ပွိုင့်ဖန်တီးတာကို လေ့လာကြရအောင် ။ ကျွန်တော်တို့ အရင်နေ့က ဖန်တီးထားတဲ့ Alignment ကိုသုံးပြီး လုပ်ကြည့်ရအောင် ။ Command ယူဖို့ကတော့ Home tab _ Create Ground Data panel _ Points menu _ Create Points - Intersections _ Direction/Alignment ဖြစ်ပါတယ် ။ ကျွန်တော်တို့ Command ယူပြီးတာနဲ့ Alignment ကို ရွေးချယ်ပေးဖို့တောင်းပါတယ် ။ ရွေးပေးပြီးသွားရင် offset တန်ဖိုး သတ်မှတ်ပေးရပါမယ် ။ မခွာဘူးဆိုရင် 0 ပေါ့ ။ ခွာမယ်ဆိုရင် ခွာမယ့်ဖက်ကိုလိုက်ပြီး +/- ထည့်ရိုက်ပေးရပါမယ် ။ နောက်ထပ် စမှတ် သတ်မှတ်ပေးဖို့ တောင်းပါမယ် ။ နောက် စမှတ်ကနေထွက်မယ့် လားရာတောင်းပါမယ် ။ လားရာကို Bearing နဲ့ဖြစ်စေ Azimuth နဲ့ဖြစ်စေ ၊ ဒါမှမဟုတ် ဒါရိုက်ကလစ်ချလို့ ဖြစ်စေ သတ်မှတ်ပေးနိုင်ပါတယ် ။ ပြီးရင် offset တန်ဖိုးထပ်တောင်းပါမယ် ။ မခွာဘူးဆိုရင် 0 ၊ ခွာမယ်ဆိုရင် ခွာမယ့်ဖက်ကိုလိုက်ပြီး +/- ထည့်ရိုက်ပေးပါမယ် ။ အဲဒီမှာ ပထမ offset က Alignment နဲ့သက်ဆိုင်ပြီး ဒုတိယ offset က ကိုယ်သတ်မှတ်ပေးတဲ့ လားရာ နှင့် သက်ဆိုင်တာဖြစ်ပါတယ် ။ အဲဒီအဆင့်ပြီးသွားတာနဲ့ ကိုယ်သတ်မှတ်ပေးတာ မှန်တယ်ဆိုရင် ပွိုင့်ရောက်မယ့်နေရာကို ကြိုမြင်နေရပါပြီ ။ နောက် ပွိုင့်ကုဒ် နဲ့ အမြင့်တန်ဖိုးများကို အလိုရှိသလို ဆက်ထည့်ပြီး ပွိုင့်ဆွဲလို့ရပါပြီ ။ စဆွဲကြည့်ရအောင် ။
Now we will study creating points at a Direction and Alignment Intersection. We will use the alignment was created in yesterday. We will take the command from Home tab_Create Ground Data panel _ Points menu _ Create Points - Intersections _ Direction/Alignment . After we activated the command, we need to choose alignment as desired. And we need to define the offset value. If we don't want to offset, value must be "0".If we want to offset, please type the value with +/- sign as we want. After that, we need to mark the start point and direction. We can define the direction by bearing or azimuth or direct click as we want. And then, we need to define offset value again. In here, the first offset value is related with alignment and the second offset value is related with the direction we defined. After we finished these steps, we can see the preview of point location if we do correctly. And then , we have to continue defining the point description and elevation as we desired. OK, Let's draw it.

Comments